Lyrics
နွားအုပ်ကြီးရဲ့ ပိုင်ရှင်
သူငယ်ချင်းအားလုံးနဲ့ တိုင်ပင်
အသဲကွဲ ပြီးတော့ ငိုင်နေလို့
ကုသပေးဖို့ ထိုင်ပြင် တုန်းမှာ
ပြန်ပြီးဒိုး
ခွေးများဝိုင်းလို့မဟောင်ခင်
ပြေးခဲ့ရတဲ့ မောင်ရင်
တစ်ယောက်တော့ ဘယ်မလဲဗျို့
ရည်းစားထားတဲ့သင်တို့
အသဲကွဲရောဂါမဝင်ဖို့
ကုသပေးမယ် ငွေကြေးမလို
မလွယ်ပါလား
ဒီခေတ် ဒီအခါ
အသည်းကွဲတာ
သူတို့ မနက်စာ
ရင်ဖွင့်ရတာလည်းကွာ
မသက်သာ
နားညည်းလို့လာ
ညဘက်ရောက်တဲ့အချိန်ဆို
ဖုန်းဆက်ပြောကာ ထိုင်ငို
ပြောလိုက်ရတဲ့ စောက်တင်းတချို့
မိုးလင်းမယ့်အချိန် အမှီကို
ဖုန်းချပေးမယ့် စိတ်မျိုး
ရှိတာ ကျေးဇူးဗျို့
မက်လိုက်ရတဲ့အိပ်မက်
တစ်ယောက်ထဲပဲတော့ သူမနေတတ်
ဇာတ်လမ်းထပ်ရှုပ်အုံး မလို့
ဝေးခဲ့ရတာမကျေနပ်
မရှိတဲ့ပြဿနာ ရှာတက်
ဆေးဖိုးပေးရန်မလို
တော်ပါပြီကွာ
ဒီခေတ် ဒီအခါ
အသည်းကွဲတာ
မဆန်းတော့ပါ
သူငယ်ချင်းဖြစ်တာလဲကွာ
မသက်သာ
ပင်ပန်း လွန်းစရာ
သူများရဲ့ အချစ်ရောဂါ
ကုပေးတာ
အခမဲ့ပေါ့ဗျာ
Written by: Thant Sin Tun