Top Songs By Irene Zin Mar Myint
Credits
AUSFÜHRENDE KÜNSTLER:INNEN
Irene Zin Mar Myint
Stimme und Gesang
KOMPOSITION UND LIEDTEXT
Zayer Nway
Songwriter:in
PRODUKTION UND TECHNIK
Saw Pi Pi
Mischtechniker:in
Lyrics
ရောင်စုံတွေဝေဆာတဲ့
ပန်းလေးထက် ပျားပိတုန်းများ
ခံနိုင်ရည် တည်တံ့ခြင်း မရှိတော့တဲ့
သစ်ရွက်ခြောက်တွေ မြေခ ကြွေဆင်းခြင်းလေ
ခေါ်ဆောင်ရာ မျောပါ နွေအခါ
ဂိမာန်ကို ခေါ်ဆောင်တဲ့ ကျေးငှက်တို့
တေးသီချင်းများ တွန်သံချို
နွေဥဩ စမ်းချောင်းနား
သစ်ရိပ်အောက်ဝယ် ခိုနား
တွန်ကျူးမြဲစေ လေနှင်ရာ ပျံ့ဝေ
ဂိမာန်နွေ
အသက်မဲ့သွားတဲ့ အတိတ်နွေဟာ
မျောလွင့်သွားတဲ့ ရွက်ရော်ဝါ စာမျက်နှာ
တကိုင်းတည်းနားမဲ့ ငှက်ငယ်
တွန်သံပေး ခေါ်ဆောင်ခဲ့
နွေတစ်ခုရဲ့ အလွမ်းဒဏ်ရာ
ဂိမာန်ကို ခေါ်ဆောင်တဲ့ ကျေးငှက်တို့
တေးသီချင်းများ တွန်သံချို
နွေဥဩ စမ်းချောင်းနား
သစ်ရိပ်အောက်ဝယ် ခိုနား
တွန်ကျူးမြဲစေ လေနှင်ရာ ပျံ့ဝေ
ဂိမာန်နွေ
အသက်မဲ့သွားတဲ့ အတိတ်နွေဟာ
မျောလွင့်သွားတဲ့ ရွက်ရော်ဝါ စာမျက်နှာ
တကိုင်းတည်းနားမဲ့ ငှက်ငယ်
တွန်သံပေး ခေါ်ဆောင်ခဲ့
နွေတစ်ခုရဲ့ အလွမ်းဒဏ်ရာ
ခြောက်သွေ့သွားတဲ့ မြစ်ပြင်မှာ
ရွက်လွှင့်ခဲ့ရ သစ်ပင်ဟာ အိုဟောင်းကာ
လွမ်းရရက်တို့ အဝေးမှာ
တွေဝေဆဲ ထင်ကျန်ခဲ့
နွေတစ်ခုရဲ့ အလွမ်းဒဏ်ရာ
နွေတစ်ခုရဲ့ အလွမ်းဒဏ်ရာ
နွေတစ်ခုရဲ့ အလွမ်းဒဏ်ရာ
နွေတစ်ခုရဲ့ အလွမ်းဒဏ်ရာ
နွေတစ်ခုရဲ့ အလွမ်းဒဏ်ရာ
Lyrics powered by www.musixmatch.com