Credits

AUSFÜHRENDE KÜNSTLER:INNEN
Myo Gyi
Myo Gyi
Künstler:in
PRODUKTION UND TECHNIK
Sang Pi
Sang Pi
Mastering-Ingenieur:in

Lyrics

အမှတ်မထင်ပဲ ဒီမြို့ငယ်လေးမှာ ဆုံတယ်... မင်းကိုပဲ ငါတစ်သက်စာ ဆုတောင်းမိတယ်... ဘယ်တော့ပြန်တွေ့မယ်... မသိနိုင်လည်း စိတ်ထဲမှာတော့ ယုံကြည်ဆဲ... တစ်နေ့မှာတော့ ငါတို့တွေ ဆုံစည်းရမယ် နင်မမေ့လိုက်နဲ့ ... နေဝင်ရင် ငါတို့ခွဲရမယ် အိမ်ပြန်ချိန် ခဏလေးနှုတ်ဆက်ချိန်ရောက်လည်း... တို့နှစ်ယောက်လုံးအတွက် အမှတ်တရ အဖြစ်နဲ့ ... ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး ဒီမြို့လေးရဲ့အဝေး... ငါပြန်သွားတဲ့အခါ နင်မမေ့ဖို့ရာ ခဏလောက် ဆက်သိမ်းထားပါ... တစ်နေ့နေ့ မင်းလေးရှိရာမြို့ထဲ ငါရောက်လာမယ် ယုံကြည်ထားဆဲပါ... ငါ့အသည်းတစ်ခြမ်းဟာ မင်းရဲ့အချစ်များနဲ့ ရှင်နေဦးမှာ... ညနေဖက်ဆို ငှက်ငယ်လေးတွေကြည့်ရင်း မင်းဆီအရောက် ပြန်ဝဲလာချင်တဲ့စိတ်တွေ... ငါထိန်းမရခဲ့... အိပ်မက်ထဲ ငါ မင်းဆီ အမြဲပြန်လာတယ်... မြို့ငယ်လေးမှာ တို့တွေ ဆုံတွေ့ကြသတဲ့... တကယ်တော့ ဝေးဆဲ... တို့နှစ်ဦး အချစ်တို့ရှိရာမြို့လေးထဲ ငါလည်းတစ်နေ့တော့ အရောက်ပြန်လာမယ်... မင်းအတွက်...
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out