Top Songs By Sai Htee Saing
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sai Htee Saing
Stimme und Gesang
KOMPOSITION UND LIEDTEXT
Sai Kham Leik
Songwriter:in
Lyrics
ရှိတဝက် ပျက်တဝက် နှစ်ဘက်သောပါးပြင်ပေါ်မှာ
လိမ်းတဲ့သနပ်ခါး ကွက်ကျန်လို့နေ
တလိမ့်ချင်းလှိမ့်လို့ စီးဆင်းကျလာရာလမ်း
မြစ်နှစ်သွယ်လိုပဲ ထင်ယောင်နေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့
အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ
တစ်ချက်တစ်ချက် သဲ့သဲ့ရှိုက်တဲ့ မင်းငိုသံလေး
ညသန်းခေါင်ယံတေး တစ်ပုဒ်လိုပဲလေ
ယဲ့ယဲ့ပြုံးတဲ့ မင်းရဲ့မျက်နှာမြင်တော့
အလှပန်းချီတစ်ချပ်အလား ထင်စရာပေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့
အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လိုက်နေ
အပြာရောင်လေး ချစ်မျက်ရည်
အပြာရောင်မျက်ရည် ချစ်သက်သေ
စိုခွင့်ရှိသူသာ စိုစေမယ် စိုစေမယ်
ပေါက္ခရဝဿမိုးလို့ပြောတာ
ဒါပဲဖြစ်မယ်ထင်ရဲ့ စိတ်မှာစွဲနေ
လိုက်လျောခြင်းရဲ့အဆုံးစွန်းရောက်တဲ့ခဏလေး
တစ်သက်မှာတစ်ခါပဲ ကြုံမယ်လေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့
အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ ယဉ်လွန်းနေ
တစ်ချက်တစ်ချက် သဲ့သဲ့ရှိုက်တဲ့ မင်းငိုသံလေး
ညသန်းခေါင်ယံတေး တစ်ပုဒ်လိုပဲလေ
ယဲ့ယဲ့ပြုံးတဲ့ မင်းရဲ့မျက်နှာမြင်တော့
အလှပန်းချီတစ်ချပ်အလား ထင်စရာပေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့
အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လိုက်နေ
အပြာရောင်လေး ချစ်မျက်ရည်
အပြာရောင်မျက်ရည် ချစ်သက်သေ
စိုခွင့်ရှိသူသာ စိုစေမယ် စိုစေမယ်
အပြာရောင်လေး ချစ်မျက်ရည်
Lyrics powered by www.musixmatch.com