Lyrics

နင်ဟာမိန်းကလေးပဲလေ
ဝေးသွားတဲ့အချိန်ခဏလေး
သွေးအေးသွားရုံနဲ့
စိတ်ပျက်သွားတယ်ဆိုပြီး
ရင်ခွင်သစ်တစ်ခုမှာ,နားခိုဖို့
အစားထိုးဖို့လွယ်ကူတယ်
ထားရစ်ခဲ့သူလွယ်လွယ်ကလေးပါကွယ်
ကျန်နေခဲ့သူက,မေ့ဖို့ခက်ခဲ
ရင်ခွင်သစ်တစ်ခုမှာ,မင်းပျော်ပါတော့
ကြိုးစားပြီးငါနေမယ်
ငါနဲ့ပါတ်သတ်ခဲ့လို့စိတ်ညစ်ရတယ်
မပြောပါနဲ့
နင်နဲ့ပါတ်သတ်ခဲ့သမျှ,မေ့လို့မရတာ
အခုထိပါ
နင်စိတ်ချမ်းသာဖို့သာရွေးချယ်ခဲ့တယ်
လမ်းမှာပဲ
ငါနဲ့ပါတ်သတ်ခဲ့လို့,စိတ်ညစ်ရတယ်
မပြောပါနဲ့
တကယ်ဆိုအသည်းကွဲနေသူပါ
အဆင်ပြေတယ်လို့,နင်မြင်လိုက်ပါ
ရင်ဘက်ထဲမှာ
မြိုသိပ်လို့ထားထားထား
မင်းစွံ့ပြစ်သွားတဲ့သူပါကွာ
တခါတလေတိုက်ဆိုင်လိုက်တိုင်းမှာ
ရင်ဘက်ထဲမှာ
အနာဟောင်းကိုဆွခဲ့သလား
ငါယောင်္ကျားလေးတယောက်ပါ
မင်းထားသွားချိန်ခဏလေး
ဖြစ်သမျှအကြောင်းကံတွေနဲ့
အဆိုးဆုံးရင်ဆိုင်နိုင်တယ်
ဆိုပေမယ့်လည်း,ငါဆူး,ဆူးတာမဟုတ်
ခဲ့လို့ပေါ့,နာကျင်တယ်
ခြေနင်းလို့သွားသူ,လွယ်လွယ်ကလေးပါကွယ်
ကျန်နေခဲ့သူက,မေ့ဖို့ခက်ခဲ
ခြေနင်းလို့သွားသူ လွယ်လွယ်ကလေးပဲပေါ့
နင်းခြေဘဝ မနာကျင်လဲ
ငါ့ရဲ့အသည်းနာကျင်တယ်
မစာနာဘူးလို့ ငါမပြောပါဘူး
ရက်စက်တဲ့သူ ကံပဲ
အသည်းကွဲနေသူပါ
အဆင်ပြေတယ်လို့ နင်မြင်လိုက်ပါ
ရင်ဘက်ထဲမှာ
မြိုသိပ်လို့ ထား ထား ထား
မင်းစွံ့ပြစ်သွားတဲ့သူပါကွာ
တခါတလေတိုက်ဆိုင်လိုက်တိုင်းမှာ
ရင်ဘက်ထဲမှာ
အနာဟောင်းကိုဆွခဲ့သလား
ဓားသွားပေါ်က
ပျားရည်စက်များ
နင်ဟာမိန်းကလေးပဲလေ
Written by: Han Nay Tar
instagramSharePathic_arrow_out