Music Video

Featured In

Credits

AUSFÜHRENDE KÜNSTLER:INNEN
Sai Htee Saing
Sai Htee Saing
Künstler:in
KOMPOSITION UND LIEDTEXT
Sai Htee Saing
Sai Htee Saing
Texte

Lyrics

ပခြုပ်ဆိုင်ပြတင်းက ခန်းဆီးစ မလို့ကြည့်လိုက်ရင် ကိုယ့်ရင်မှာ ဘယ်သို့ရှိမယ် မင်းသိနိုင်မလားဟင် ဗျစ်ရည်ဆိုင်ထဲက အရက်ခွက်ကို ဆရင်း တွေးမိရင် ကိုယ့်ရင်ဟာ ဘယ်သို့ရောက်မယ် မင်း မှန်းနိုင်မလားဟင် သခင်လို့တောင် အမည်တပ်ချင် မင်းကလေးကိုလေ ရောက်တဲ့အရပ် မင်းရဲ့မျက်နှာ အိပ်မက်တိုင်း မင်းရဲ့အကြောင်းသာ စိုးမိုးနိုင်လွန်းတဲ့ အချစ်ပါ ဒါ့ကြောင့် ကိုယ် သခင်လို့ခေါ်မယ် အရှင်လို့ ခေါ်မယ်နော့် ခေါ်မယ်နော့် ထွက်ပြေးလည်း လွတ်ကိုမလွတ်ပါ အနှောက်အယှက်က ဦးနှောက်ထဲမှာ စွဲနေဆဲ စွန့်လွှတ်နှလုံးသား ဒါကြောင့် ကိုယ်ပြန်ခဲ့မယ် ပြန်လှည့်လာမယ်နော် ဘယ်လိုလဲ မင်းလက်ခံမှာလား မင်းဆီးကြိုမှာလား မပေတော့ပါဘူး မမိုက်တော့ပါဘူး ဆုံးဖြတ်ချက် လုံးလုံးချကာရယ် သခင့်ဆီ အပြေးပြန်လာမည် သခင့်ဆီ အပြေးပြန်လာမည် သခင့်ဆီ အပြေးပြန်လာမည် အချစ်ကလေးဆီ ပန်းခြံတွေထဲလည်း လမ်းလျှောက်ရင်း အလွမ်းဖျောက်ရောက်ခဲ့တယ် ခလေးငယ်တွေ ပျော်မြူးကစားတာ ငေးကြည့်နေတုန်းလေ တိစ္ဆာန်ရုံဘက်လည်း အားအားတိုင်း စိတ်ညစ်ပျောက်မလားလို့ ချစ်သူတွေ စုံတွဲများစွာ အားကျသလိုရှိခိုက် စိတ်ထဲကို ဝင်ရောက်လား အတိတ်ကဇာတ်အကြောင်း ရည်းစားဘဝ ချစ်လို့မဝပါ စကားများလည်း ပြောလို့မပြီးပါ အပြုံးပန်းလည်း ပွင့်လို့မဆုံးပါ ဒါကြောင့် ကိုယ်ရင်ဖွင့်ကာရယ် အဆင်သင့် ဝင်လာခဲ့ ဝင်လာလှည့် ဟိုးတုန်းက ဖြစ်ပျက်သမျှဟာ နမ်းပြီးရင်း နမ်းလို့မဝခင် အိပ်မက်မှလန့်ကာနိုးသလို ဒါကြောင့် ကိုယ်ရင်နင့်စွာရယ် ပြင်သင့်တာတွေကို ပြင်ပါ့မယ် မင်းပြောင်းစေချင်သလား မင်းစောင့်စေချင်သလား မလေတော့ပါဘူး မကမ်းတော့ပါဘူး စိတ်နှလုံးကို ဒုံးဒုံးချကာရယ် သခင့်ဆီ အပြေးပြန်လာမည် သခင့်ဆီ အပြေးပြန်လာမည် သခင့်ဆီ အပြေးပြန်လာမည် အချစ်ကလေးဆီ သူစိမ်းတစ်ရံစာကြားမှာ ရမ်းကားတဲ့အကြည့်မိုက် အောက်ငုံ့ကာ မျက်နှာတော် တကယ်မထားတတ်အောင် မင်းဖြစ်နေမလားဟင် အရိုင်းဆန်တဲ့ စကားတွေ နားမကြားဝံ့ အရှက်တရားကင်းမဲ့စွာ မင်းရင်ကို မုန်းတိုင်းတစ်ခုလို ထိုးဖောက် မွှေသလားဟင် အရင်တုန်းက ကိုယ်ရှိတယ် ခုများတော့ အဝေးမှာ မင်းဘက်က ရပ်တည်စွမ်းမယ့် တစ်ယောက်ယောက်တော့ ရှိနေသင့်တယ် ထွက်ပြေးတဲ့ ကိုယ့်ရဲ့အပြစ်ပါ အခုတော့ နောင်တရပြီလေ ဘုရင်မထံကိုလေ ပြန်လာမလေ လွမ်းပြီးရင်း မလွမ်းစေချင်ပါ စိတ်ညစ်ရင်း မညစ်စေချင်ပါ တမ်းတတိုင်း ပြည့်စေရမှာ ဒါကြောင့် ကိုယ်ပြန်ခဲ့မယ် ပြန်လှည့်လာမယ်နော် ဘယ်လိုလဲ မင်းလက်ခံနိုင်မလား မင်းဆီးကြိုမှာလား မလိမ်တော့ပါဘူး မကပ်တော့ပါဘူး ဒုတိယနဲ့ နောက်ဆုံးတစ်ခေါက်ပါပဲ သခင့်ဆီ အပြေးပြန်လာမည် သခင့်ဆီ အပြေးပြန်လာမည် သခင့်ဆီ အပြေးပြန်လာမည် အချစ်ကလေးဆီ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out