Credits
AUSFÜHRENDE KÜNSTLER:INNEN
Eternal Gosh
Künstler:in
KOMPOSITION UND LIEDTEXT
Han Nay Tar
Songwriter:in
Lyrics
လက်ခုပ်တီးဖို့ လက်နှစ်ဖက်လိုပါတယ်
စွယ်တော်ရွက်တစ်ခုလို မင်းနှင့်ငါအမြဲ ရှိချင်တယ်
မင်းနဲ့ဝေးလို့မဖြစ်ဘူး
ဘယ်သူ့မှ ငါ့ဘက်ရပ်တည်သူမရှိလည်း တတိုင်းတစ်ခုလို မင်းရှေ့ငါအမြဲရှိပါတယ်
အဆိုးဆုံးဒုက္ခတွေအတွက်
လက်ခုပ်တီးဖို့ လက်တစ်ဖက်နဲ့ တီးလို့မဖြစ်ဘူး
မင်းလက်တစ်ဖက်က ငါ့ရဲ့ဘဝ အတွက့် အင်အားပါ မင်းပါးလေး
ငါသိက္ခာနဲ့ ရင်းပီးတော့ကြည့်
ငါ့လက်တစ်ဖက်ကို မင်းမာန နှင့်ရင်းပီးတော့တွဲ
တည်ဆောက်ထားတဲ့ တို့အနာဂတ်တွေ မပျက်စီးဘူးထင်တယ်
မျော်လင့်ထားခဲ့တာတွေ ပျက်စီးလို့သွားချိန်ကျနင်မငိုနဲ့
ပြန်လည်အသက်သွင်းလိုက် ငါလက်မောင်းပေါ်မျက်ရည်လေး ဇာတ်သိမ်းလိုက်
သက်ပျင်းလေးချ အချိန်လေးမှာ စိုထားတဲ့ပါးပြင်လေးဟာနောက်ဆုံး
ရော်နေတဲ့သစ်ရွက်ခြောက်တစ်ခုလို မျက်ရည်စ ဇာတ်သိမ်းလိုက်
ဒီထက်မခါးဘူး
ဒီထက်မခါးဘူး ဒို့တွေ ရှေ့ဆက်ချိုမြိန်မယ်
အနာဂတ်သစ်တွေ ပန်းများလို ပွင့်လို့နေတယ်
စိတ်ဓာတ်မကျလိုက်ပါနဲ့
စိတ်ဓာတ်ကျလို့ မင်းမျက်နှာငယ်ဆဲ
အဲ့ဒဏ်ငါ မခံနိုင်လို့ သနားလို့ပါကွယ်
နင်မျက်လွာလေးကို မချပါနဲ့ ငါပိုစိတ်ဆင်းရဲရတယ်
လက်ခုပ်တီးဖို့ လက်တစ်ဖက်နဲ့တီးလို့ မဖြစ်ဘူး
မင်းလက်တစ်ဖက်ကို ဘဝနဲ့ ရင်းကာမျော်လင့်ထားတယ်
မျော်လင့်ထားခဲ့တာတွေ ပျက်စီးလို့သွားချိန်ကျ
နင်မငိုနဲ့(မငိုပါနဲ့)
ပြန်လည်အသက်သွင်းလိုက် ငါ့လက်မောင်းပေါ် မျက်ရည်လေး ဇာတ်သိမ်းလိုက်
သက်ပျင်းလေးချ အချိန်လေးမှာ စိုထားတဲ့
ပါးပြင်လေးဟာနောက်ဆုံး (ဒါနောက်ဆုံး)
ရော်နေတဲ့သစ်ရွက် ခြောက်တစ်ခုလို မျက်ရည်စ ဇာတ်သိမ်းလိုက်
ဒီထက်မခါးဘူးးးး
လက်ခုပ်တီးဖို့ လက်တစ်ဖက်နဲ့ တီးလို့ မဖြစ်ဘူး
မင်းလက်တစ်ဖက်က ငါ့ရဲ့ဘဝအတွက် အင်အားပါမျော်လင့်ထားခဲ့တာတွေ
ပျက်စီးလို့သွားချိန်ကျ နင်မငိုနဲ့(မငိုပါနဲ့)
ပြန်လည်အသက်သွင်းလိုက် ငါ့လက်မောင်းပေါ် မျက်ရည်လေး ဇာတ်သိမ်းလိုက်
သက်ပျင်းလေးချ အချိန်လေးမှာ စိုထားတဲ့
ပါးပြင်လေးဟာနောက်ဆုံး (ဒါနောက်ဆုံး)
ရော်နေတဲ့သစ်ရွက် ခြောက်တစ်ခုလို မျက်ရည်စ ဇာတ်သိမ်းလိုက်
ဒီထက်မခါးဘူးးးး
Writer(s): Khual Pi
Lyrics powered by www.musixmatch.com