Lyrics

လူဖြစ်တဲ့ခဏအသက်၂၀အတွင်းမှာ သိလာတာပိုက်ဆံကတော်တော်ကြီးအရေးကြီးတာပဲ အရာအားလုံးနည်းပါးကိုသူလုပ်နိုင်တယ်လို့ငါတွေးမိတာနဲ့ချွေးစီးပါးရွှဲ ဒီအကြောင်းတွေဘုရားနဲ့တွေ့မှမေးကြည့်ရမယ် သုတ်ကောင်ဘဝကသန္ဓေသားဘဝကိုတဖြေးဖြေးသွားရင်း လူဖြစ်လာတော့နေစရာစားစရာရဒါမိဘတွေပေးတဲ့ service ဒီလိုနဲ့အရွယ်ရောက်လာတော့ပုံးမှန်ဖို့ရုန်းကန်လှုပ်ရှားရင်း နောက်ဆုံးတော့ပြာဖြစ်သွားတာပဲမဟုတ်လား ဒါကထုံးစံ ဒုက္ခတွေရောက်တုန်းကဘုရားရှေ့မှာဒူးထောက်တိုင်တည်သေးတယ် တကယ်တန်းစဉ်းစားကြည့်ငါ့ဒုက္ခကသူနဲ့မှမဆိုင်ပဲ ငါတို့တွေတကယ်တန်းမပိုင်တဲ့အရာတွေကိုဖတ်တွယ်ဖို့ကြိုးစားရင်းနဲ့ပဲ အချိန်တွေကုန်ခဲ့ပြီးအသိတရားတွေယိုင်နဲ့ လူတွေသေသွားတဲ့အခါမှာခန္ဓာထဲကဝိညာဉ်ထွက် သွားတယ်ဆိုတာမယုံတဲ့ငါ့ကို ပတ်ဝန်းကျင်ကအပစ်တင်လျက် နိဗ္ဗာန်နဲ့ငရဲတစ်ခုခုကိုမဖြစ်မနေရွေးရမှာပဲဟုတ်လား? အမှန်တကယ်တော့သေသွားရင်ဒီတိုင်းအေးသွားတာပဲ မဟုတ်လား? လူဖြစ်တဲ့ခနဒီကမ္ဘာကြီးထဲဘောင်တွေစည်းကမ်းများကြားထဲ ရူးတော့မယ် နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲမြူမှုန်များနဲ့ ဝေဝါးသွားခဲ့ တခါတလေသူငယ်ချင်းတွေနဲ့သွားလာပြီး တခါတလေအထီးကျန်ဆန်လွန်းလို့ငါ့အရိပ်တောင်ငါ့အနားမှာမရှိ အသက်အရွယ်ကြီးလာတာနဲ့အမျှ ဘဝကလိုက်ခါးလာသည် လူသစ်တွေနဲ့တွေ့သလိုအနားကပျောက်သွားတာတွေလဲများလာပြီ လူဆိုတာသေပြီးသွားရင်ဘာဖြစ်မယ်ဆိုတာအဖြေမရှိတဲ့ဘဝ နောင်ဘဝဆိုတာကိုတွေးရင်းလက်ရှိဘဝကိုရောနေကြည့်ရဲ့လား ငါသေသွားတဲ့အခါမှာမြှုပ်ပေးပါမြေကြီးထဲမှာ ဘဝမှာကြောက်စရာဆိုတာမရှိတော့တာငါ့အဖေသေပြီးထဲက တနေရာနဲ့တနေရာဝေးလွန်းရင်မသွားဘူး ကိုယ့်ဟာကိုယ်တောင်ပျင်းလွန်းလို့ ထမင်းတောင်ညှပ်အောင်မဝါးဘူး ဒါပေမဲ့လဲအချိန်တန်တော့ထမင်းစားဖို့ပိုက်ဆံရှာ မိဘတွေရဲ့အရိပ်အောက်မှာကြာကြာမရှိသင့်တာကိုလက်ခံလာ သားတွေသမီးတွေမွေးရဦးမယ် ကိုယ့်ဘက်ကပြည့်အောင်လုပ်ပြီးတော့မပြည့်တဲ့သူတွေကိုလဲဖြည့်ရဦးမယ် အခုထက်ထိတော့အနာဂတ်ကဝေဝါးတုန်းပဲ ဆိုပေမဲ့လဲလူဖြစ်တဲ့ခနမှာ ပျော်ပျော်ကြီးနေသွားဦးမယ် လူဖြစ်တဲ့ခနဒီကမ္ဘာကြီးထဲဘောင်တွေစည်းကမ်းများကြားထဲ ရူးတော့မယ် နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲမြူမှုန်များနဲ့ ဝေဝါးသွားခဲ့ နှစ်၆၀လောက်သာနေရမဲ့ဘဝ ဝေပြီးခဲ့သမျှအဆုံးမှာကြွေရတယ်မလား အဆင်ပြေဖို့ခက်တာ သံယောဇဉ်ကြိုးများနဲ့ချည်နှောင်ထား လူဖြစ်တဲ့ခနဒီကမ္ဘာကြီးထဲဘောင်တွေစည်းကမ်းများကြားထဲ ရူးတော့မယ် နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲမြူမှုန်များနဲ့ ဝေဝါးသွားခဲ့
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out