Lyrics

ချစ်သူ့ဘေးနားမှာ နေတဲ့ခဏ နူးညံ့နွေးထွေးသလို အကြည့်လေးများထဲ တင်းထားမယ် တို့စိတ်ကူးတွေ အခိုးအငွေ့ ဖြစ်ကာရယ် နှလုံးသားဟာ ပန်းလိုကြွေကျတယ် မနေ့က မင်းသတင်းတွေ တို့ကြားလည်း (တို့ကြားလည်း) မမေးဘူး တိုးတိတ်စွာ မြိုသိပ်ပါ့မယ် အားလုံးက စိုးရိမ်စိတ်နဲ့ သတိပေးကြပေမယ့် ကြားစကားလို့ ရင်မှာယုံထားတယ် အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် ဖြစ်သမျှဟာ အကောင်းပဲပေါ့ မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့ မရဲပါဘူး အနားနားမှာ အမြဲရှိပါရစေ Hmm hmm hmm Hmm hmm Hmm hmm hmm အချစ်က အသိခက်တဲ့ကဗျာလေးပဲ ခွင့်လွှတ်ချစ်တတ်အောင် တို့ ကြိုးစားကြည့်တယ် လျှို့ဝှက်ချက်များစွာထဲမှာ အမြဲတမ်း တဝဲလည်လည် မှားလည်းလေ မှားပါစေတော့ကွယ် အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် ဖြစ်သမျှဟာ အကောင်းပဲပေါ့ မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့ မရဲပါဘူး အနားနားမှာ အမြဲချစ်ပါရစေ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် ဖြစ်သမျှဟာ အကောင်းပဲပေါ့ မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့ မရဲပါဘူး အနားနားမှာ အမြဲရှိပါရစေ Ohh ချစ်သူရေ ဒီမှာ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် ဖြစ်သမျှဟာ အကောင်းပဲပေါ့ မင်းရင်ခွင်နဲ့ ခွဲခွာဖို့လည်း မရဲပါဘူး အနားနားမှာ အမြဲချစ်ပါရစေ ချစ်ချင်တာပဲ သိတဲ့နောက် အနားနားမှာ အမြဲချစ်ပါရစေ
Writer(s): Khual Pi Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out