Titres similaires
Crédits
AUSFÜHRENDE KÜNSTLER:INNEN
Eternal Gosh
Künstler:in
KOMPOSITION UND LIEDTEXT
Han Nay Tar
Komponist:in
Paroles
ညစ်ပတ်ပြီးတော့ စုတ်ပြတ်သွားတဲ့
ငါ့ခြေထောက်များ
ဖော့ဖိနပ်ပြတ်လို့သွားလို့ အိတ်ကပ်ထဲကို
လက်နှိုက်ရှာကြည့်
သီချင်းကပေးတဲ့ အပေါစားမနက်စာ ခြောက်ကပ်ကပ်က
ပိုအရေးကြီး
Aww အလုပ်ကထွက်ပြီး စိတ်ပျက်လွန်းတာ အစိုးရဝန်ထမ်း
ပုဂ္ဂလိကသူဌေးကြီးဖြစ်ဖို့တော့
ငါအဝေးကြီးမျှော်မှန်း
အမေဖြစ်စေချင်တာ ဝေးပြီ
မာနေတဲ့ခေါင်းသည် ငါမိုက်သည်
ငါအိမ်ကိုလွမ်းနေတုန်း
သတင်းတွေမေးနေတုန်း
အဆင်ပြေရဲ့လား
မျှော်လင့်ခြင်းနဲ့ ထမင်းသိုးများ
စီးကရက်တွေပဲ ပိုသောက်မိတယ်
လမ်းဘေးမှာပဲ အချိန်တွေကုန်နေဆဲ
အိမ်ယာမဲ့သောဘဝ
ဘယ်မိတ်ဆွေမှ အဖတ်မလုပ်ချင်ကြ
တစ်ကိုယ်ရည်မှောင်သောည
လျှောက်ခဲ့တဲ့လမ်းတွေ မှားပြီလား
ဒီအောင်မြင်ခြင်းတွေ ဟိုး
ငါပြုတ်ပြုတ်ကျနေတယ်
ငါအထပ်ထပ်လွဲနေတယ် ဟိုး
စဉ်းစားရင်း ငေးမောရင်းနဲ့ ကြိုးစားနေရင်း
ငါပျက်စီးရင်း ဟိုး
ငါအသက်တစ်ရက်ကြီးလာတယ်
ငါဘာမှမထူးလာခဲ့ဘူး
ဘုရားပေးတာလား
မိုက်ပြစ်ကြီးတာလား
ဒီကံဆိုးခြင်းတွေနဲ့
ငါရိုက်ပုတ်သတ်နေတော့
မိုးမခအိပ်မက်များ
ထမင်းစား လက်မှတ်ရဖို့အတွက် ငါဘွဲ့တစ်ခုယူခဲ့
သီချင်းကပေးတဲ့ အထိမ်းအမှတ်လောက် ငါမစွဲလမ်းတော့လည်း
မြို့ပြအလင်းရောင်များထက် ငါမလင်းနိုင်ပြီ
ငါထိုင်တာ မာကျူရီ မီးသီး
Aww အလုပ်ကထွက်ပြီး စိတ်ပျက်လွန်းတာ အစိုးရဝန်ထမ်း
ပုဂ္ဂလိကသူဌေးကြီးဖြစ်ဖို့တော့
ငါအဝေးကြီးမျှော်မှန်း
အမေဖြစ်စေချင်တာ ဝေးပြီ
မာနေတဲ့ခေါင်းသည် ငါမိုက်သည်
ငါအိမ်ကိုလွမ်းနေတုန်း
သတင်းတွေမေးနေတုန်း
အဆင်ပြေရဲ့လား
မျှော်လင့်ခြင်းနဲ့ ထမင်းသိုးများ
စီးကရက်တွေပဲ ပိုသောက်မိတယ်
လမ်းဘေးမှာပဲ အချိန်တွေကုန်နေဆဲ
အိမ်ယာမဲ့သောဘဝ
ဘယ်မိတ်ဆွေမှ အဖတ်မလုပ်ချင်ကြ
တစ်ကိုယ်ရည်မှောင်သောည
ငါလျှောက်ခဲ့တဲ့လမ်းတွေ မှားပြီလား
ဒီအောင်မြင်ခြင်းတွေ ဟိုး
ငါပြုတ်ပြုတ်ကျနေတယ်
ငါအထပ်ထပ်လွဲနေတယ် ဟိုး
စဉ်းစားရင်း ငေးမောရင်းနဲ့ ကြိုးစားနေရင်း
ငါပျက်စီးရင်း ဟိုး
ငါအသက်တစ်ရက်ကြီးလာတာပဲရှိတယ်
ငါဘာမှမထူးလာခဲ့ဘူး
ဘုရားပေးတာလား
မိုက်ပြစ်ကြီးတာလား
ဒီကံဆိုးခြင်းတွေနဲ့
ငါရိုက်ပုတ်သတ်နေတော့
မိုးမခအိပ်မက်များ
မိုးမခအိပ်မက်ထဲမှာ လမ်းပျောက်နေရင်း
ဒီကံဆိုးခြင်းတွေနဲ့
မိုးမခအိပ်မက်များ
မိုးမခအိပ်မက်ထဲမှာ လမ်းပျောက်နေရင်း
ဒီကံဆိုးခြင်းတွေနဲ့
Oh မိုးမခအိပ်မက်များ
Written by: Han Nay Tar